ပင်းတယမြို့နယ်၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် တောင်ကြီးတက္ကသိုလ်မှ ဆရာ/ဆရာမကြီးများကိုယ်တိုင် ဘာသာရပ်အလိုက် သင်ကြားပို့ချပေး

ပင်းတယ ၂၂  ဇန်နဝါရီ    


ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအား ယခင်နှစ်များထက် အောင်ချက်မြင့်မားစေရန် ရည်ရွယ်၍  ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခများကိုယ်တိုင် ဘာသာရပ်အလိုက် လာရောက်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ သင်ကြားပို့ချပေးမှုတွင် တောင်ကြီးတက္ကသိုလ်မှ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊ ဘောဂပေဒ စသည့်ဌာနများမှ ပါမောက္ခနှင့် တွဲဖက်ပါမောက္ခတို့က ပင်းတယမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း ၈၀ဝ ကျော်တို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ 


ခင်မျိုးနွယ်(ပင်းတယ)