ပြင်ဦးလွင် ၃ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ကုတင် ၃၀၀ ဆံ့ ဆေးရုံအုပ်ကြီး ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့ဆေးရုံအုပ်ကြီး၊ လက်ထောက်ဆေးရုံအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အလှူရှင်မိသားစုနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့၊ အောင်စံမယ် စိန်၊ ရွှေ၊ ရတနာဆိုင် အလှူရှင်မိသားစုများကိုယ်စား ဒေါက်တာလွင်လွင်မြင့် (ဒုတိယပါမောက္ခချုပ်) မအူပင်တက္ကသိုလ်မှ ကွန်လွန်သူမိဘနှစ်ပါးအား ရည်စူး၍ မိမိတို့အရပ်ဒေသ မွေးဖွားရာဇာတိ နေရာဖြစ်သည့် ပြင်ဦးလွင်မြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နှစ်စဉ်နှစ်တိုင်း လှူဒါန်းခဲ့ရာ ယခုနှစ်တွင်လည်း နှလုံးစမ်းသပ် ECG 3 Channel ( ၈၃၀၀၀၀ )၊ ရေစုပ်မော်တာ (၁၁၀၀၀၀)၊ ဂါလံ ၄၀၀ ဆံ့ ( ၄ ပေ × ၄ ပေ ) Fiber ကန် (၃၂၀၀၀၀) တို့အား လှူဒါန်းရခြင်းရည်ရွယ်ကို ရှင်လင်းပြောကြားခဲ့ပြီး အလှူရှင်မိသားစုများဖြစ်သည့် ဒေါက်တာလွင်လွင်မြင့် (ဒုတိယပါမောက္ခချုပ်) မအူပင်တက္ကသိုလ်၊ ဒေါ်စံပယ်မြင့်၊ ဦးဇော်မင်းဦး-ဒေါ်နှင်းဆီမြင့်၊ ဦးကျော်စိုးမိုး-ဒေါ်သူဇာလွင်တို့မှ လှူဒါန်းပစ္စည်းများအား ပေးအပ်ကာ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီးကိုယ်စား လက်ထောက်ဆေးရုံအုပ် ဒေါက်တာ စန္ဒီဖြိုးနိုင်မှ လက်ခံရယူသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီးကိုယ်စား လက်ထောက်ဆေးရုံအုပ် ဒေါက်တာ စန္ဒီဖြိုးနိုင်မှ ယခုလို ပြင်ဦးလွင်မြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံသုံးပစ္စည်းများကို လာရောက် လှူဒါန်းကြသည့်အတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)