ပြင်ဦးလွင် အောက်တိုဘာ ၁

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့တွင် ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲကျော်သူခန်းမဆောင်၌ ကျင်းပသည်။

 

ဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး တာဝန်ရှိသူများက ခရိုင်အတွင်းရှိ ရဲစခန်းများ၏ ကြိုးစားအားထုတ်မှု၊ မှုခင်းဖော်ထုတ်ဖမ်းဆီးရရှိမှု၊ ပြေးလေးပြေး ဖော်ထုတ်ရရှိမှု အစရှိသော ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာနှင့်ပတ်သက်သည့် ဆုများကို ရဲတပ်ဖွဲ့ဝင်ဇနီးများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)