ပြင်ဦးလွင် စက်တင်ဘာ ၁၀

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာ အောင်သင်း ရေးသားသည့် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ မွန်းလွဲပိုင်းက အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း ကျောင်းစာကြည့်တိုက်များ၌ ကျင်းပသည်။

 

ပြောကြား

ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒါလီမြင့်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးယုလီတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အထများ၊ အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် နှလုံးသားလှပသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ စာရေးဆရာ အောင်သင်း ရေးသားသည့် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကျင်းပရာ ကျောင်းသား ကျောင်းသူများက ဖတ်ရှုထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းက ဦးဆောင်ဆွေးနွေးကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)