ပြင်ဦးလွင် စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ပညာလင်းရောင် စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။

ကြည့်ရှုအားပေး

ဦးစွာ ပညာလင်းရောင် စာကြည့်တိုက် အဆောက်အအုံ သစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ပြင်ဦးလွင် ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ ပြင်ဦးလွင် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်မြို့မိမြို့ဖ အတွင်းရေးမှူး ဦးထွန်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှု လေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသော ငွေကျပ် ၁၀ သိန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက စာကြည့်တိုက်အတွက် လှူဒါန်းပေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် မြို့မိ မြို့ဖ အတွင်းရေးမှူး ဦးထွန်းထွန်း တို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်မှူးတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)