ပြင်ဦးလွင် ၂၇ မတ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော (၁/၂၀၁၉) ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြေတိုင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းကို မတ် ၂၂ ရက်မှ ၂၇ ရက်ထိ ၆ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၇၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးပါသော စက်မှုထမ်းဟောင်းအဖွဲ့အား ဂုဏ်ပြုလက်မှတ်များ၊ သင်တန်း ဆင်း အောင်လက်မှတ်များနှင့် သင်တန်းတွင် ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )


