နေပြည်တော် ၇ ဧပြီ

 

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ဇေယျာသီရိမြို့နယ်၊ ခရေပင်လမ်းခွဲရှိ ကြေးမုံသတင်းစာတိုက် ဘိုးဝဇီရခန်းမတွင် စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။

 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ဦးဆောင်မှုဖြင့် နိုင်ငံပိုင်သတင်းစာများ ရပ်တည်လာခဲ့သည်မှာ ၁၉၉၈ ခုနှစ်မှစလျှင် (၂၁) နှစ်မြောက်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ၏နှစ်ပတ်လည်နေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိရာ ယနေ့ပြုလုပ်သော အခမ်းအနားတွင် ဝန်ထမ်းများအား ထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်း၊ သတင်းစာများ တွင် ကြော်ငြာအများဆုံး ထည့်သွင်းသည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း နှင့် ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်း စသည့် အစီအစဉ်များ ထည့်သွင်းကျင်းပကြောင်း သိရသည်။

 

MDN

 

77