နေပြည်တော် စက်တင်ဘာ ၂၄

 

ငလျင်ဘေးဒဏ်ခံခဲ့ရသောဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော HRB 500 အမျိုးအစား သံချောင်းလုံးများကို ရန်ကုန်မြို့မှ မန္တလေးမြို့သို့ အထူးကုန်ရထားဖြင့် ပို့ဆောင်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

အဆိုပါ အထူးကုန်ရထားသည် သံချောင်းလုံး စုစုပေါင်းတန်ချိန် ၄၈၆ ဒဿမ ၈၈၆ တန်အား တင်ဆောင်၍ စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ မလွှကုန်းဘူတာမှ စတင်ထွက်ခွာ လာရာ ညပိုင်းတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ခဲ့ပြီး နေပြည်တော်မှ ဆက်လက် ထွက်ခွာခဲ့ရာ မန္တလေးမြို့၊ မြို့ဟောင်းဘူတာသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ သံချောင်းလုံးများ မြို့ဟောင်းဘူတာသို့ ရောက်ရှိစဉ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်