ပေကျင်း  ဇွန်  ၂၂

တရုတ်နိုင်ငံသည် မသင်မနေရ ပညာရေးအတွက် ၁၀ နှစ်အတွင်း အချိန်ပြည့် ဆရာ ဆရာမ ၁ ဒသမ ၄၈ သန်းကို  ခန့်အပ်လိုက်သည့် အတွက် အချိန်ပြည့် ဆရာ ဆရာမ စုစုပေါင်း  အရေအတွက်သည် ၁၀ ဒသမ ၅၇ သန်းအထိ ရှိလာပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။ 

တရုတ်နိုင်ငံ၌ ကိုးနှစ် မသင်မနေရပညာရေးအတွက်  ကျောင်းပေါင်း ၂၀၇၀၀၀ တွင်   ကျောင်းသား   ကျောင်းသူ   ၁၅၈    သန်းရှိကြောင်း သိရသည်။ အဆိုပါ မသင်မနေရပညာရေးစနစ်သည် ၂၀၁၂ ခုနှစ်တွင် ၉၁ ဒသမ ၈ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၉၅ ဒသမ ၄ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း သိရသည်။ 

တရုတ်နိုင်ငံ၏  မသင်မနေရပညာရေးစနစ်တွင် မူလတန်းကို ခြောက်နှစ်နှင့်   အငယ်တန်း  အလယ်တန်းကို  သုံးနှစ်တို့ပါဝင်ပြီး အခကြေးငွေ  မပေးရကြောင်း  သိရသည်။        
                                                       
ဆင်ဟွာ