ပညာရေးဌာနနှင့်သက်ဆိုင်သော အဆောက်အဦများ မိုးညို၌ လွှဲပြောင်းပေးအပ်

မိုးညို  ၂   ဖေဖော်ဝါရီ 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်ခဲ့ပြီး ပညာရေးဌာနနှင့် သက်ဆိုင်သော အဆောက်အဦများ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

1 (2).

 

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဌာနနှင့်သက်ဆိုင်သော အဆောက်အဦ (၁၅)နှင့်ပတ်သက်သော အထောက်အထားစာရွက်စာတမ်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

1 (3).

 

အဆိုပါအစောက်အဦ (၁၅)ခုအား မိုးညိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် အခြေခံပညာကျောင်း ၆ ကျောင်းတွင် စီမံကိန်းထောက်ပံ့ငွေကျပ် (၅၆၆ ဒသမ ၆၉)သိန်း ပြည်သူထည့်ဝင်ငွေကျပ် (၂ ဒသမ ၅၅)သိန်းတို့ဖြင့် စာသင်ကျောင်းဆောင်များပြုပြင်ခြင်း၊ ကျောင်းခြံစည်းရုံးများကာရံခြင်းတို့ကို ဆောင်ရွက်ပြီး တတိယနှစ်စက်ဝန်းတွင် အခြေခံပညာကျောင်း ၉ ကျောင်းတွင် စီမံကိန်းထောက်ပံ့ငွေကျပ်(၇၃၂ ဒသမ ၆၈)သိန်း ပြည်သူထည့်ဝင်ငွေ(၉ ဒသမ ၈၅)သိန်း အကုန်အကျခံကာ ပညာရေးအတွက်အသုံးပြုမည့် စာသင်ကျောင်းဆောင် အဆောက်အဦ (၈)ခုနှင့် စာသင်ကျောင်းအဝင်တံတားတစ်ခုတို့ကို  သက်ဆိုင်ရာ ကျေားရွာသူကျေးရွာသားများ၏ စီမံခန့်ခွဲမှုဖြင့်ဆောက်လုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

1 (5)