ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် တရားမဝင် သယ်ဆောင်မည့် ပိတောက်၊ တမလန်းခွဲသားနှင့် ဓားရွေသစ်တုံးများ ဖမ်းမိ

မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီက တရားမဝင် သစ်စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ် ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်း (စွယ်တော်ကားကြီးဝင်း)အတွင်းရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြေးဆွဲသည့် ကုန်တင်ကားဂိတ်နှစ်ခုအတွင်းမှ တရားမဝင် သယ်ဆောင်မည့် ပိတောက်/ တမလန်းခွဲသား/ ဓားရွေသစ်တုံး ၂၇၁ တုံး (၃ဒသမ၉၆၆၈) တန်နှင့်အတူ သစ်သယ်ဆောင်သူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။ 

 

သစ်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်သူ နှစ်ဦးအား အမရပူရမြို့နယ် နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)