မန္တလေး ၂၁ ဧပြီ
ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်၊ ၇၃ လမ်း၊ ဆင်ဖြူရှင်လမ်းနှင့် မြဝတီမင်းကြီးလမ်း၊ အိမ်အမှတ် (ယ-၁/၁၅၃) တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကိုစည်သူဝင်း၏ ၃၀×၃၅ ပေ Streel Structure (ငွေနဂါးဖိနပ်ချုပ်လုပ်ငန်း) အလုပ်ရုံတွင် တပ်ဆင်ထားရှိသော လျှပ်စစ်မိန်းဘုတ်ခုံသည် အပူလွန်ကဲရာမှ ဘုတ်ခုံအောက်ရှိ ဖိနပ်ကပ်ကော်ပုံးများပေါ်သို့ မီးပွားကျ၍ ယနေ့နံနက် ၁၀ နာရီ ကျော်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးသတ်ယာဉ် ၃၀ စီး၊ အထောက်အကူပြုယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေ ၃၀ ဦး၊ အရန် ၁၅၀ ဦး၊ တို့ဖြင့်သွားရောက်ငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၄၀ မိနစ်အချိန် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ၃၀×၃၅ ပေ Streel Structure (ငွေနဂါးဖိနပ်ချုပ်လုပ်ငန်း) အလုပ်ရုံတစ်လုံး၊ ၂၅×၃၀ ပေ နံကပ်နှစ်ထပ် အပေါ်ထပ်တစ်ထပ်၊ စက်ခုံ ၁၅ လုံးနှင့် ဆိုင်ကယ်တစ်စီး ဆုံးရှုံးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၂၀၃၀ဝ၀ဝ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုစည်သူဝင်း(ဘ)ဦးဝင်းကြည်အား ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


