မန္တလေး  ၃၁   မတ် 

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ဈ)ရပ်ကွက်၊ ၆၉ လမ်းနှင့်  လမ်း ၇၀ ကြား၊ ဧဝရတ်လမ်းရှိ မန္တလေးချည်မျှင် စက်ရုံ(၁)တွင် မတ် ၃၀ ရက် ည ၈ နာရီ ၁၈ မိနစ်က ချည်မျှင်စက်ရုံမျက်နှာကျက်တွင် သွယ်တန်းထားရှိသော ဝါယာကြိုးအပူလွန်ကဲရာမှ  မျက်နှာကျက်သစ်သားတန်းသို့ စတင်ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 မီးလောင်ရာသို့  အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြိမ်းသတ်ယာဉ်(၂၀)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ အထောက် အကူပြုယာဉ်(၂)စီး၊ သန္ဓေမီးသတ်(၅၀)ဦး၊ အရန်မီးသတ်(၁၂၀)ဦးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၉ နာရီ ၂ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

‌ေ

 

မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ ဝါဂွမ်းများနှင့် စက်ရုံအဆောက်အဦ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှု ကြောင့် အဆိုပါ စက်ရုံမန်နေဂျာ ကိုရဲဝင်းနောင် အား ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)