ပြည် ၁၄ ဧပြီ
ပြည်မြို့ ဆေးရေးရပ်ရှိ ပြည်မြို့လုံးဆိုင်ရာ စုပေါင်းရှင်ပြုအသင်းကြီး၏ (၄၈)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲ ဒုတိယနေ့ကို ဧပြီ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
စုပေါင်းရှင်ပြုပွဲတွင် မောင်ရှင်လောင်းများကို မြင်းများဖြင့် တင်ဆောင်ကာ ရှင်လောင်းများ၏ မိဘများ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များနှင့် အိုးစည်ဒိုးပတ်ဝိုင်းတို့ လိုက်ပါလျက် မြို့တွင်းလမ်းမများတစ်လျှောက် မြန်မာ့ရိုးရာရှင်ပြုမင်္ဂလာ ရှင်လောင်းလှည့်လည်ခဲ့ကြကာ ပြည်ရွှေဆံတော်ဘုရားအား လက်ယာရစ် သုံးပတ်လှည့်လည်၍ ဖူးမြော်ခဲ့ကြသည်။
အဆိုပါအသင်းကြီးအနေဖြင့် ယခုနှစ် စုပေါင်းရှင်ပြုပွဲကြီးတွင် ရှင်အပါး ၁၂၀၊ ဒုလ္လဘရဟန်းလောင်း ၄၈ ပါးနှင့် သီလရှင် ၁ဝ ပါးတို့အား သာသနာ့ဘောင်အတွင်း သွတ်သွင်းချီးမြှောက် စုပေါင်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


