၂ မတ်

အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံအနှံ့ရှိ ပြည်နယ် ၁၄ ခုတွင် မတ်လ ၃ ရက်နေ့၌ ကျင်းပမည့် ပဏာမရွေးကောက်ပွဲအတွက် မျှော်လင့်ချက်များ မြင့်မားလာသည်။

 

b1

 

ပဏာမရွေးကောက်ပွဲကို ကယ်လီဖိုးနီးယားနှင့်အခြားလူဦးရေထူထပ်မှု အများဆုံးပြည်နယ်များတွင် အင်္ဂါနေ့၌ ကျင်းပမည် ဖြစ်သည်။ကိုယ်စားလှယ်သုံးပုံတစ်ပုံခန့်သည် မတ်လ ၃ ရက်နေ့တွင် ကျင်းပမည့် ပဏာမရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

b2

 

အထက်လွှတ်တော်အမတ် ဘာနီစန်းဒါးစ်သည် ဒီမိုကရက်တစ် ထောက်ခံသော အဆိုပြုချက် ကနဦးပိုင်းတွင် ရှေ့ဆုံးကပြေးနေသူတစ်ဦးဖြစ်လာခဲ့သည်။

 

ဘာနီစန်းဒါးစ်သည် ကယ်လီဖိုးနီးယားနှင့် တက္ကဆက်ပြည်နယ်များ အပါအဝင် အဓိကကျသော ပြည်နယ်များတွင် ဦးဆောင်နေသည်ဟု စစ်တမ်းများအရ သိရသည်။

 

ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ကယ်ရိုလိုင်းနားတောင်ပိုင်း ပြည်နယ်ပဏာမရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် Super Tuesday ကို အရှိန်အဟုန်ဖြင့် ဦးဆောင်နေသည်။

 

နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်သည် ရွေးကောက်ပွဲတွင် နောက်ကျမှဝင်ရောက်လာပြီး အင်္ဂါနေ့တွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို