ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုနှင့် ကျေးရွာပြည်သူ စုပေါင်းအားဖြင့် လိပ်သိုမြို့ ဇလဲကမ္ဗလာခြံကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီးစတင်ရရှိ

လိပ်သို ၂၀ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့ ဇလဲကျေးရွာအုပ်စု ဇလဲကမ္ဗလာခြံကျေးရွာ၌    ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုနှင့် ကျေးရွာပြည်သူ စုပေါင်းအားဖြင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဖွင့်ပွဲကို ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးခင်မောင်အေး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းညွန့်နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

22

 

လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာတွင် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုကျေးရွာ (၁၃)ရွာအနက် ဇလဲကမ္ဗလာခြံကျေးရွာ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/သုည ဒဿမ ၄ ကေဗွီ၊ ၁၀ဝ ကေဗွီအေ   ထရန်စဖော်မာ (၁)လုံး ကုန်ကျငွေကျပ်သိန်း ၁၅၀ ပံ့ပိုးပေးခဲ့ပြီး ၄၀ဝ ဗို့အား သုည ဒသမ ၆၈ မိုင် ဓာတ်အားလိုင်း သွယ်တန်းခြင်းကို ဒေသခံပြည်သူ ထည့်ဝင်ငွေကျပ်သိန်း ၁၀ဝ တို့ဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

25552

 

လျှပ်စစ်မီးဖွင့်ပွဲတွင်  ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာကိုယ်စား  ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးခင်မောင်အေး၊ လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် လိပ်သိုမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှမောင်တို့က အမှာစကားပြောကြားကြပြီး မြို့လျှပ်စစ်ဦးစီးမှူး ဦးချစ်ကိုကိုက လျှပ်စစ်မီးသုံးစွဲရာတွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များ ဟောပြောကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)