မိုင်းယု ၂၁ ဧပြီ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့သည် ဧပြီ ၂၁ ရက်၊ ညနေ ၃ နာရီခွဲက ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ကျေးရွာများပိုမိုဖွံဖြိုးတိုး တက်လာစေရန် ကျေးရွာအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များနှင့် လတ်တလော ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြကြရန် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာပြည်သူများ၏ ကိုယ်စား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက  မိမိတို့ အုပ်စုကျေးရွာများအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင် ပေးနိုင်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးဆိုင်ရာ အခြေအနေများကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် မိုင်းယောင်း-မိုင်းယု ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်ပြည်သူ ၇၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)