ရန်ကုန် ၁၉ ဧပြီ

 

ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ပြည်တွင်း၌သာမက ပြည်ပသို့တိုင် ပြန့်ပွားစေရန်နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် ပြည်ပသာသနာပြု လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပညာရေး အဖွဲ့ငယ်၏ လက်အောက်တွင် ပြည်ပရေးရာအဖွဲ့ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ စတင်ဖွဲ့စည်းခဲ့သည်။

 

သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က စေလွှတ်သော ပြည်ပထေရဝါဒဗုဒ္ဓသာသနာပြု သံဃာတော်များအနေဖြင့် ပြည်ပရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကူအညီလိုအပ်လာပါက ပြည်ပရေးရာ အဖွဲ့၏ Website ဖြစ်သည့် www.mahana.org.mm (မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။) Gmail ဖြစ်သည့် tharwi 2016@gmail.com နှင့် ဒေါ်မိုးမိုစန်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ပြည်ပရေးရာ အဖွဲ့၊ ဖုန်းနံပါတ် ဝ၉-၂၅၅၉၈၁၈၅၇၊ ဝ၉-၇၃၁၃၂၃၀၂ ပြည်ပရေးရာအဖွဲ့ ဝ၁- ၆၆၁၇၄၆ (ဖုန်း-ဖက်စ်) တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ မှ သိရသည်။

 

MDN