မန္တလေး ၈ ဧပြီ

 

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်တွင်  ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် (၁၀) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေငြာချီးမြှင့်ပွဲ၌ ဆုရရှိခဲ့သည့် အဖွဲ့အစည်း ၂ ခုနှင့် လူပုဂ္ဂိုလ် ၃ ဦးအတွက် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်တွင် မန္တလေးမြို့ ကွန်ဗင်ရှင်းစင်တာ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း က သိရသည်။

 

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသား မိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက မြန်မာပြည်တွင်း၌ လူမှုအကျိုးပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူများကို ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ယင်းဆုကို ၂၀၁၀ ခုနှစ် က စတင်၍ ပေးအပ်ချီးမြင့်ခဲ့ခြင်း ဖြစ်သည်။

 

1

 

၂၁၀၉ ခုနှစ်  ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်တွင်းရှိ အသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ် အမည်စာရင်း ၃၂ ခုကို  ပြည်သူ့ဂုဏ်ရည် အသင်းသို့ အဆိုပြု တင်သွင်းခဲ့ကြပြီး အဆိုပြု စာရင်းတွင် ပါဝင်သူများကို အသင်း၏ အခြေခံမူများဖြင့် စိစစ်ခြင်း၊ အဆင့်ဆင့် စိစစ်ရွေးချယ်၍ လုပ်ထုံးလုပ်နည်း များအတိုင်း ဆုချီးမြှင့် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအသင်း၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

 

1

 

ပြည်သူ့ ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်ပေးအပ်ရာ၌ မြန်မာပြည်တွင်း၌ နေထိုင်လျက်ရှိသော တိုင်းရင်းသား ပြည်သူများအတွက် လူမှုရေးလုပ်ငန်းများ ကိုယ်ကျိုးစွန့် အနစ်နာခံ၍ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်သူ၊ လူ့ဘောင်လောကနှင့် နိုင်ငံသားများအတွက် စံပြဖြစ်စေမည့်သူ၊ လူချွန်လူမွန်များကို ရွေးချယ် ဂုဏ်ပြု ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

1

 

၂၀၁၉ ခုနှစ် (၁၀) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဂုဏ်ပြုကြေငြာပွဲကို အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်ရှိ ဖီးနစ်မြို့၊ ဝါရှင်တန် အထက်တန်းကျောင်း၌ ဧပြီလ ၆ ရက် ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆုရရှိသူများကို ထုတ်ပြန်ကြေငြာပေးခဲ့သည်။

 

1

 

မန္တလေး ကွန်ဗင်ရှင်း စင်တာသည် မန္တလေးမြို့၊ ချမ်းမြသာစည် မြိုနယ်အတွင်းရှိ သိပ္ပံလမ်း၊ ၇၃ လမ်းနှင့် ၇၁ ကြားတွင် တည်ရှိသည်။

 

သူရိန်လင်း

 

1