ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အဖွဲ့ဝင်များ ဂျပန်နိုင်ငံအခြေစိုက် (အာရှဒေသ ပတ်ဝန်းကျင် ကောင်းမွန်ရေးနှင့် နည်းပညာ ပြန့်ပွားမှုအဖွဲ့) အားတွေ့ဆုံ

နေပြည်တော် ၁၉ ဖေဖော်ဝါရီ

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသ ပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာ ပြန့်ပွားမှုအဖွဲ့ (NPO Asia Environmental Technology Promotion Institute, NPO-AET ) အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်   (I-6) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် နည်းပညာအလုပ်သင် သင်တန်းသားများ အရည်အချင်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၌ နည်းပညာ အလုပ်သင် သင်တန်းကျောင်းများ ထပ်မံတိုးမြှင့် ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)