နေပြည်တော်  ၂  ဧပြီ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် UN Women  ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်UN Womenအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ လူမှုဘဝဖွံ့ဖြိုးရေး၊ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေးနှင့်စွမ်းဆောင်ရည်မြင့်မားလာရေးအတွက် အကူအညီ ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊  လွှတ်တော်များမှ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများနှင့် စပ်လျဉ်း၍ ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)