ဗိုလ်တထောင် ၉ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဒဿမအကြိမ် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက သူနာပြုသင်တန်းကျောင်း၊ ရန်ကုန်(အရှေ့ပိုင်း)၌ ကျင်းပသည်။
ပြည်သူ့စကားဝိုင်းတွင် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုး၊ ရန်ကုန်အရှေ့ပိုင်း အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်း၊ သင်တန်းကျောင်း စီမံဥက္ကဋ္ဌ၊ ရန်ကုန်အရှေ့ပိုင်း သူနာပြုသင်တန်းကျောင်း၊ လက်ထောက်ညွှန်ကြား ရေးမှူး ကျောင်းအုပ်ကြီး ဒေါ်ခင်သန်းလဲ့၊ YMCA အထွေထွေအတွင်းရေးမှူး ဒေါက်တာသာဉာဏ်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် မြင့်မြင့်ခိုင်၊ ကလေးသူငယ်များ လူကုန်ကူးမှု တားဆီးရေး အထူးသံတမန် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေတို့က ပြည်သူနှင့် ကျန်းမာရေး အသိပညာပေး သိကောင်းစရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)


