ပြည်ထောင်စု၀န်ကြီး ဦးသောင်းထွန်း ဗီယက်နမ် - မြန်မာချစ်ကြည်ရေးအသင်း (VMFA) ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

င်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဗီယက်နမ် - မြန်မာ ချစ်ကြည်ရေးအသင်း (VMFA) ဥက္ကဋ္ဌ သံအမတ်ကြီး Mr. Chu Cong Phung ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
 
 
တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ 
 
 
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေ၊ ရန်ကုန်မြို့ရှိ ဗီယက်နမ်သံရုံး သံအမတ်ကြီး Dr. Luan Thuy Duong နှင့် မြန်မာနိုင်ငံရှိ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
 
 
သတင်းစဉ်