နေပြည်တော် ၉ ဧပြီ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UNION BETTERMENT PARTY - UBP)က အသုံးပြုမည့် ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့် စပ်လျဉ်း၍ ကန့်နိုင်ကြောင်း အများသိစေရန် ကြေညာသည်။

 

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

 

၁။ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ အိမ်အမှတ် (A-3)တွင် ပါတီရုံးချုပ်တည်ရှိသော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ [UNION BETTERMENT PARTY (UBP)]က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၈-၄-၂၀၁၉ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

 

၂။  ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

2