ဝေါလေ ၂၀ ဧပြီ

 

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြို့ အမှတ်(၁)ရပ်ကွက်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ ကျပ်သိန်း(၅၀)ဖြင့် ဆောင်ရွက်သော ဈေးအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၇၀×၇၀×ဝ.၄(ပေ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ ဦးသန့်ဇင်အောင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂေါ်လီချောင်းအတွင်း ဆောင်ရွက်ထားရှိသော ရေထိန်းနံရံများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ 

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မူကြိုကျောင်းတွင် ဒေသခံ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ ကြုံတွေ့နေရသော လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို တင်ပြကြကာ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ပေါင်းဆပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စောဌေးရီ

 

IMG2019