ကျောက်ဆည် ၉  ဖေဖော်ဝါရီ


ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ဇီဝိတဒါန သွေးလှူရှင် အဖွဲ့များပူးပေါင်းပြီး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

123


စုပေါင်းသွေးလှူဒါန်းရာသို့ ခရိုင်စီမံခန့်ခွဲမှုဥက္က၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ ခရိုင်ရဲမှူးကြီး၊ ဒုရဲမှူးကြီး သိန်းဝင်းတို့က သွေးလှူရှင်များအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပြီး လှူဒါန်းသည့်သွေးများကို သွေးဘဏ်တာဝန်ခံ ဒေါက်တာအောင်အောင်ဦးနှင့် သက်ဆိုင်ရာ ဝန်ထမ်းများမှ လက်ခံရယူခဲ့ရာ အေသွေး (၁၉) အိတ်၊ ဘီသွေး (၂၅) အိတ်၊ အိုသွေး (၂၄) အိပ်နှင့် အေဘီသွေး (၆) အိတ်တို့ လက်ခံရရှိခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သိရှိရသည်။ 


MDN       

 

123