ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ပိတ်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ၁၄ ဇူလိုင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ပိတ်ပွဲ အခမ်းအနား ကျင်းပပုံများကို ယင်းနေ့နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ MITV၊ MNTV၊ Skynet Up to Date၊ Skynet တိုင်းရင်းသား၊ Skynet လွှတ်တော်၊ မြဝတီ (MWD)၊ MWD Variety ၊ မြန်မာ့အသံ ရေဒီယို အစီအစဉ်၊ MIR ရေဒီယိုနှင့် MOI Webportal Myanmar၊ MRTV၊ Myanmar Digital News၊ Myanmar President Office၊ Myanmar State Counsellor Office နှင့် Information Committee Facebook စာမျက်နှာများမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)