နေပြည်တော်    ဧပြီ    ၂၀

 

ပြည်ထောင်စုရွေးကောက်ပွဲ       ကော်မရှင်သည် ကြေညာချက်အမှတ် (၆/၂၀၂၃) ဖြင့်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်    ဖွံ့ဖြိုးရေးပါတီကို    ၂၀-၄-၂၀၂၃ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

 

မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်   ဖွံ့ဖြိုးရေးပါတီအနေဖြင့်  နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ  ဆောင်ရွက်ထားမှု ရှိ/မရှိအား  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက   ယနေ့တွင်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်