ရန်ကုန် ၂၂ မတ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံရွေးကောက်ပွဲ ကော်မရှင်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲအား လေ့လာရန်အတွက် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။
ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးလိုက်ပါသွားခဲ့ပြီး ခရီးစဉ်မှာ မတ်လ ၂၆ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


