နေပြည်တော် ၂၆ မတ်

    

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Mr. Hiroyuki TSUJI နှင့်အဖွဲ့ကို ယနေ့ ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဥပဒေရေးရာကဏ္ဍနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ လုပ်ငန်းများ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် ဥပဒေရေးရာသင်တန်းများ၊ ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဥပဒေအသိပညာပြန့်ပွားရေးကို အထောက်အကူဖြစ်စေသည့် မြန်မာနိုင်ငံဥပဒေ သတင်းအချက်အလက်စနစ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ဥပဒေရေးရာအဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 


(သတင်းစဉ်)