နေပြည်တော် ဩဂုတ် ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် တီယန်ကျင်းမြို့ရှိ Tangla Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်တက္ကသိုလ်၏ ဒုတိယအဓိပတိ ပါမောက္ခ Prof. Gong Wei ဦးဆောင်သော တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တပ်မတော်အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
ရင်းရင်းနှီးနှီးဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဂြိုဟ်တုနည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် နည်းပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဝူဟန်တက္ကသိုလ်မှ ကူညီ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ ဝူဟန်တက္ကသိုလ်၏ သမိုင်းကြောင်းနှင့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ဝူဟန်တက္ကသိုလ်၏ ဒုတိယအဓိပတိက အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


