ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ China Southwest Architectural Design and Research Institute Corporation (CSWADI) သို့သွားရောက်ကြည့်ရှုလေ့လာ

 

 

နေပြည်တော် စက်တင်ဘာ ၆

 

တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ်ချန်ဒူးမြို့၌ အလုပ်သဘော ခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် China Southwest Architectural Design and Research Institute Corporation (CSWADI) သို့ သွားရောက် ကြည့်ရှုလေ့လာသည်။

 

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် China Southwest Architectural Design and Research Institute Corporation(CSWADI) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ယင်းနောက် China Southwest Architectural Design and Research Institute Corporation (CSWADI) အတွင်း ပြသထားသည့် ကော်ပိုရေးရှင်းမှ ဆောက်လုပ်ထားသော စွမ်းအင်ချွေတာနိုင်သည့် ဆောက်လုပ်ရေး စီမံကိန်းများ၊ အထပ်မြင့်အဆောက်အအုံများ၊ တံတားများ၊ ဟိုတယ်များ၊ အားကစားရုံများ၊ ဆေးရုံများနှင့် နိုင်ငံတကာ၌ အဆောက်အအုံများ ဆောက်လုပ်နေမှုအခြေအနေများ၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အအုံများအား သုတေသနပြုလုပ် ဒီဇိုင်းအသစ်များရေးဆွဲဆောက်လုပ်မှု အခြေအနေများ၊ ငလျင်ဒဏ်ကို ကြိုတင်ကာကွယ်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် လာရောက်၍ အဆောက်အအုံများ ဆောက်လုပ်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြသရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။

 

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌက China Southwest Architectural Design and Research Institute Corporation(CSWADI) ၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်