ရန်ကုန် ၃၁ မတ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့လေ့လာရေးခရီးစဉ်အဖြစ် ယနေ့ ညပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသွားရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှတာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်တို့လိုက်ပါသွားကြသည်။
(သတင်းစဉ်)


