ပဲခူး ၂၇ မတ် 

 

ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပမည့် ပဲခူးမြို့ ပဲခူးတက္ကသိုလ်အတွင်း ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

111

 

ပြည်ထောင်စုဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမျက်နှာစာရှေ့တွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်းကျောက်စာများ၊ ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များခင်းကျင်းပြသထားမှုနှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မှတ်တမ်း၊ မော်ကွန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် တက္ကသိုလ်စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် ဆရာမင်းသုဝဏ် ဘဝမှတ်တမ်းဓာတ်ပုံများနှင့် ဆရာမင်းသုဝဏ်၏ ကလေးကဗျာများ ခင်းကျင်းပြသထားမှု၊ ကလေးစာဖတ်ခန်း၊ နည်းပညာမိတ်ဆက်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများနှင့် အဖွဲ့အစည်းများမှ ခင်းကျင်းပြထားသည့် ပြခန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဝေလျှံ