နေပြည်တော် ၁၉  ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၏ မေခလာခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာကို မကြာမီ အတည်ပြုနိုင်တော့မည့် အခြေအနေများ၊ အဆိုပါ မဟာဗျူဟာအား အတည်ပြုပြီးနောက် ဒေသအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည် ဖော်နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေး ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပါဝင်ဆောင်ရွက်နေမှု လက်ရှိအချိန်ထိ အခြေအနေများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် သက်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)