ရန်ကုန် ဩဂုတ် ၂၁

မော်တော်ယာဉ် စက်ပြင် သင်တန်းအမှတ်စဉ်(၃/၂ဝ၂၅)နှင့် စားသောက်ဆိုင် ဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ရန်ကင်းမြို့ နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

တက်ရောက်

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၊ တာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ခုနစ်ကျောင်းကို တည်ထောင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း၊ သင်တန်းသား များအနေဖြင့် သင်ကြားပို့ချပေး သည့် စာတွေ့အသိပညာဗဟုသုတ များနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာမှတ်သား ကြရန်၊ လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချကြရန်၊ စဉ်ဆက်မပြတ် လေ့လာဆည်းပူး ဆောင်ရွက်ကြရန် မှာကြားပြီး သင်တန်းကျောင်း အတွင်း ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တာမွေမြို့နယ်ရှိလူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီး(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်း များအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ ယုံကြည် အားထားရသည့် လူမှုဖူလုံရေး စီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ် သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ဆောင် ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် မှာကြားပြီး ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှုကို ကြည့်ရှုအားပေးစကား ပြောကြားကာ အတွင်းလူနာကုသပေးသည့် ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများ အား ထောက်ပံ့ငွေများ ပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(မြောက်ဒဂုံ)၌ ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန် သင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား(OWIC) ထုတ်ပေးနေမှု၊ အထည်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် လျှပ်စစ် ကျွမ်းကျင်မှုအဆင့်(၁) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ် ဆောင်ရွက်မှုများကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် သင်င်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (CVT) သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းများကို စဉ်ဆက်မပြတ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ သင်တန်း အရည်အသွေး တိုးတက်မြင့်မားရေးအတွက် သင်တန်းနည်းပြများ ခေတ်နှင့်လျော်ညီသော အတတ်ပညာများ သင်ကြားပို့ချနိုင်ရေး မှာကြားသည်။

သတင်းစဉ်