နေပြည်တော်  မေ ၂၉ 

 

Visit Nepal 2020: Beyond Lumbini အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်၌ ကျင်းပသည်။

 

ရှေးဉီးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E Mr.BhimK.Udas တို့က ဖွင့်ပွဲအထိမ်းအမှတ် ဖယောင်းတိုင်ကို ထွန်းညှိပေးခဲ့သည်။

 

8888

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နီပေါနိုင်ငံခရီး သွားလုပ်ငန်းဆိုင်ရာအခမ်းအနားသို့ တက်ရောက်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ခရီးစဉ်ဒေသများမှာ သီးခြားရပ်တည်၍ ဆောင်ရွက်၍ မရပဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ၊ ဒေသတွင်းပူးပေါင်းဆောင်၍မှုတို့နှင့်အတူ ရေရှည်ဖွံ့ဖြိုးတိုး တက်မည်ဖြစ်ပါကြောင်း ၊ နီပေါ နှင့်မြန်မာနိုင်ငံတို့သည် တူညီသည့် ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံ များအများအပြားရှိပြီး ဗုဒ္ဓဘာသာဘုရားဖူးခရီးစဉ်လမ်းကြောင်းကို နှစ်နိုင်ငံရှိပုဂံနှင့် လုမ္ဗိနီ တို့ကို ချိတ်ဆက်၍ အကောင်အထည် ဖော်ဆောင်ဆာင်ရွက်ပါက နှစ်နိုင်ငံခရီးသွားလုပ်ငန်း အပြန်အလှန်တိုးတက် လာမည်ဖြစ်ပါကြောင်း ၊ ထို့အပြင်နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်များပြေးဆွဲ ခြင်းကိုလည်း ကူညီအားပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံအမတ်ကြီး H.E Mr.BhimK.Udas က အမှာစကားပြောကြားခဲ့ပြီး ၊ တက်ရောက်လာသည့် ခရီးသွားကုမ္ပဏီများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌဉီးတင်မောင်ထွန်း ၊ ဒုတိယ ဥက္ကဌဉီးလင်းနိုင်မြင့် နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 (သတင်းစဉ်)