နေပြည်တော် ၁၀  ဧပြီ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းအားသြစတြီးယားနိုင်ငံအခြေစိုက် FOUR PAWS International ၏Country Director , Ms. Marina Ivanova ၊ Senior Project Manager , Mr. Mahdi Quatrameez တို့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ်ဆင်များထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ရဲနွယ်ကြိုးဝိုင်းတောအတွင်း နိုင်ငံတကာအဆင့်မီ ဆင်စခန်းတည်ထောင်နိုင်ရေး အဆောက်အဦ ဆောက်လုပ်မည့် လုပ်ငန်းများနှင့် စတင်ဆောင်ရွက်ရန် အစီအမံများ၊ ရန်ကုန်မြို့ မင်းဓမ္မကုန်းမြေရှိ ရတနာဆင်ဖြူတော်ဥယျာဉ်အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ၊ အမိမဲ့ဆင်ငယ်လေးများ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။

 

(သတင်းစဉ်)