နေပြည်တော် ၂၈ မတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် European Chamber of Commerce in Myanmar ၏ Country Manager ဖြစ်သူ Mr. Tobias Fischer နှင့် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် ဥပဒေများကို ခေတ်စနစ်နှင့် လျော်ညီစွာ အသစ်ပြင်ဆင်ရေးဆွဲနေမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ (OSH)ကို အတည်ပြုနိုင်ခဲ့မှု၊ ဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်သော အမျိုးသားအဆင့် သုံးပွင်ဆိုင် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းဆိုင်ရာဖိုရမ် ကျင်းပခဲ့မှု၊ ကလေးအလုပ်သမားပပျောက်ရေး၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှု ပပျောက်ရေးတိုင်ကြားမှု ယန္တရားထူထောင်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


