နေပြည်တော် ၂၁ မတ် 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Hiroto IZUMI နှင့်အဖွဲ့အား နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။ 


ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှု၊ ရန်ကုန်မြို့ပါတ် ရထားလမ်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှု၊ သီလဝါဆိပ်ကမ်း တံတားအသစ် တည်ဆောက်ပြီးစီးမှုနှင့် ထပ်မံတိုးချဲ့တည်ဆောက်ရန် ပြင်ဆင်နေမှု၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တည်ဆောက်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Luan Thuy Doung နှင့် တွေ့ဆုံ၍ ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြသည်။ 


(သတင်းစဉ်)