နေပြည်တော် ၂၉  မတ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နော်ဝေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein အား ယမန်နေ့ ၁၁ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နော်ဝေနိုင်ငံနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အကြား ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုများ၊ နော်ဝေနိုင်ငံ၊ Norwegian Water Resources and Energy Directorate (NVE) နှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ အကြား ဧရိယာ(၆)ခုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ သူဌေးချောင်းနှင့် အထက်ကျိုင်းတောင်း စီမံကိန်းများအတွက် In-house Consultant ခေါ်ယူပေးခြင်းနှင့် Construction Management အတွက် Consultant စီစဉ်ပေးခြင်း၊ နော်ဝေနိုင်ငံ(သို့) အခြား သင့်လျော်သည့် နိုင်ငံများရှိ တက္ကသိုလ်များသို့ ရေအားလျှပ်စစ်ဆိုင်ရာ မဟာဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ပေးခြင်း၊ Hydrological Database ထူထောင်ခြင်းတို့ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ အဆိုပါ Technical Assistant Program (2019-2022) Phase (II) ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် (၈၅,၉၀၅,ဝ၀ဝ) နော်ဝေခရိုနာလျာထားမှု အခြေအနေများနှင့်လက်မှတ်ရေး ထိုးနိုင်ရေးနော်ဝေအစိုးရထံမှ ရန်ပုံငွေခွဲဝေချထားမှုအတည်ပြုချက်ကို စောင့်ဆိုင်းနေသည့် အခြေအနေများ၊ Electricity Master Plan ၊ လျှပ်စစ်ဓာတ်အား ရရှိရေးဆိုင်ရာ Short ၊ Medium ၊ Long Term Plan များနှင့် Smart Metering System ဆိုင်ရာတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn