ပြည် အောက်တိုဘာ ၂

 

ပြည်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ‌စက်တင်ဘာ ၃၀ ရက်က သုတေသနစကားဝိုင်းကျင်းပသည်။

 

ဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က အမှာစကားပြောကြားသည်။ ထို့နောက် တက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခဒေါက်တာမြမိုးခိုင်၊ မြန်မာစာဌာန ပါမောက္ခဒေါက်တာ သန်းသန်းအေးနှင့် ပထဝီဝင်ဌာန တွဲဖက်ပါမောက္ခ ဒေါက်တာခင်စန္ဒာမိုး တို့က ဝိဇ္ဇာဘာသာရပ်များကို ကိုယ်စားပြု၍လည်းကောင်း၊ သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာချိုချိုလတ်၊ ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာဇော်ထက်အောင်နှင့် သင်္ချာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ လင်းလင်းခိုင်တို့က သိပ္ပံဘာသာရပ်များကို ကိုယ်စားပြု၍လည်းကောင်း သုတေသနစာတမ်းပြုစုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများအား ပြည်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမေလွင်ငြိမ်းက ထိုင်းနိုင်ငံ Chulalongkorn University တွင် တက်ရောက်ခဲ့သော သုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ အတွေ့အကြုံများကို ပြန်လည်မျှဝေ ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)