ပဲခူး စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးသီးနှံစိုက်ပျိုး ထားရှိမှုအခြေအနေကို ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်း စစ်ဆေးရာတွင် ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂ ဒသမ ၅ သိန်းနှင့် ညီမျှသော အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ထားသည့် သမဝါယမအသင်း ငါးသင်း၊ အသင်းသားတောင်သူ ၈၈ ဦး၏ မိုးစပါးသီးနှံ စိုက်ပျိုးဧက ၁၀၀၀ အနက် ကျောက်ဖူးကျေးရွာရှိ “ရွှေကျောက်ဖူး” စိုက်/ထွေ သမဝါယမအသင်းမှ တောင်သူ ဦးအေးနိုင်၏ အောင်နိုင်တိုး (YSR-1) စပါးမျိုးဖြင့် စိုက်ပျိုးထားသည့် စိုက်ဧက ခုနစ်ဧကကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်