ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

ပန်းတောင်း သြဂုတ် ၂၁

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာခြင်း၊ ဆီချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ အစရှိသော ရောဂါများကို အခမဲ့ စမ်းသပ်ကုသပေးပြီး နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ အခမဲ့ ဆေးကုသပေးလျက်ရှိရာ ၆၉ ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

လပြည့်လင်း(ပြန်/ဆက်)