ပန်းတနော် ၃၀ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြလင်းကျေးရွာအုပ်စု ခနွဲကဘိုကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက် ည ၇ နာရီအချိန်ခန့်က ဆိုင်ကယ်ငှားစီးရာမှ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၉ ရက် ည ၇ နာရီ အချိန်ခန့်တွင် ဆိုင်ကယ် ကယ်ရီသမားအား ဆိုင်ကယ်ငှားစီးရာမှ ပန်းတနော်မြို့နယ် ပြလင်းကျေးရွာအုပ်စု ခနွဲကဘိုကျေးရွာအတွင် ဆိုင်ကယ် ကယ်ရီသမားအားရန်ပြုပြီး ဆိုင်ကယ်အားလုယူ ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲဝင်များ၊ ညောင်တုန်းရဲတပ်ဖွဲဝင်များ၊ ဓနုဖြူရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပိတ်ဆို့ရှာဖွေဖမ်းဆီးရာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူ ၂ ဦးအား ဓနုဖြူမြို့နယ်အတွင်း ည ၁၀ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


