ပန်းတနော်  ၂၈   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရန်ကုန်- ပုသိမ်ကားလမ်း ကပိုင်လမ်းဆုံအနီးတွင် ဧပြီ ၂၇ ရက် ည ၇ နာရီခွဲက ကုန်တင်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်း ကိုကိုမင်းမြတ် မောင်းနှင်လာသော ကုန်တင်ယာဉ်မှာ ပန်းတနော်မြို့နယ် ကပိုင်လမ်းဆုံးအနီး ရန်ကုန်-ပုသိမ်ကာလမ်း  မိုင်တိုင်အမှတ် ၆၁/၁ နှင့် ၆၁/၂ အကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်မှုဖြစ်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ကျော်သန်းမောင်းနှင်လာသော ဆိုင်ကယ်နှင့် တိုက်မိသဖြင့် ဦးကျော်သန်းမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားကြောင်း ပန်းတနော်မြို့နယ် အင်းမတိုက်နယ် ရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်လာသော ကိုကိုမင်းမြတ်အား ပန်းတနော်မြို့နယ် အင်းမတိုက်နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)