နေပြည်တော် ၄ ဖေဖော်ဝါရီ
ယနေ့ည ၈ နာရီ မိနစ် ၄၀ တွင် ပျဉ်းမနားမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ခဲ့သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၉.၈၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၇)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
MDN


