နေပြည်တော် ၆ ဧပြီ
ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်နေ ဒေါ်နှင်းရီ(၈၀)နှစ်သည် ဧပြီ ၅ ရက် နံနက် ၆ နာရီခွဲက ၎င်း၏နေအိမ်ရှေ့ လမ်းကြား၌ တံမြက်စည်းလှဲနေစဉ် ဦးမင်းဒင်ရပ်ကွက်နေ မထက်ထက်ဇော် (၂၀)နှစ် ရောက်ရှိလာပြီး လုံးထွေးကာ ဒေါ်နှင်းရီ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား လုယူထွက်ပြေးသွားခဲ့သည်။
ယင်းသို့ လုယုသွားခြင်းကြောင့် ဒေါ်နှင်းရီတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ မထက်ထက်ဇော်အား ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


