ပို့စ်မော်စဗီ မေ ၂၈
ပါပူဝါနယူးဂီနီတွင်ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း လူ ၂၀၀၀ ခန့် အသက်ရှင်လျက်အပျက်အစီးများကြားတွင် ပိတ်မိနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ခေတ်မီသည့် ကယ်ဆယ်ရေးကိရိယာများ နည်းပါးခြင်းကြောင့် အပျက်အစီးများထဲတွင် အသက်ရှင် ကျန်ရစ်သူများကို ကယ်ဆယ်ရန် ခက်ခဲကြောင်း သိရသည်။ မိမိ၏ မိသားစုဝင် ၁၈ ဦးအပျက်အစီးများကြားတွင် ပိတ်မိနေပြီး အခြားသူအများအပြားမှာလည်း အပျက်အစီးများကြားတွင် ပိတ်မိနေကြောင်း ဒေသခံအီဗစ်ကန်ဗူက ပြောကြားသည်။
လက်ရှိအချိန်တွင် အပျက်အစီးများအောက်ရှိ ရုပ်အလောင်းများကို ရှာဖွေရန်ခက်ခဲနေသဖြင့် အစိုးရအား အကူအညီတောင်းခံထားကြောင်း ဒေသခံအစ်ဂနစ်က မှတ်ချက်ပြုပြောကြားသည်။ ကယ်ဆယ်ရေး လုပ်သားများက စုံတွဲတစ်တွဲကို ကျောက်တုံးများ အောက်မှအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဘီဘီစီ
ဘာသာပြန် - စိုးသူရ


