ပထမအကြိမ် ကိုရီးယား - မြန်မာ ရုပ်ရှင်ပွဲတော် ကျင်းပမည်

ပထမအကြိမ် ကိုရီးယား - မြန်မာ ရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံမှ Bittersweet Night (ကိုရီးယား ဇာတ်လမ်းတို)ကို Yangon Water Boom ၌ ညနေ ၅ နာရီမှ စတင်ပြသသွားမည်ဖြစ်သည်။

အလားတူ ဒီဇင်ဘာ ၁၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံမှ Pandora, The King, A Taxi Driver နှင့် မြန်မာနိုင်ငံမှ တိမ်တိုက်တံတား၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံမှ Pandora, The King, A Taxi Driver နှင့် မြန်မာနိုင်ငံမှ နေဝင်အိပ်တန်းတက်တို့ကို နံနက် ၁၀ နာရီမှစတင်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးတွင် ပြသသွားမည့်အပြင် The Listening Eye (မြန်မာ ဇာတ်လမ်းတို)ကို ညနေ ၅ နာရီတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)